Pages

Pages

ဟိုပန်၌ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



MNP ၊    ဇွန်   ၂၉

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟိုပန်)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က မိမိတို့မြို့နယ်တွင် သဘာဝဘေးတစ်ခုဖြစ်သည့် ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ငလျင်လှုပ်ခတ်နေစဉ် ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူများလိုက်နာဆောင်ရွက်ရမည့် အရေးပေါ်လုပ်ငန်းများကို ကြိုတင် သိရှိနိုင်စေရန် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းစဥ်များ အသိပညာပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ဦးဆောင် ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ဟိုပန်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟိဏ်းသီရိကျော်က ငလျင်ဘေးအန္တရာယ် ကျရောက်နေစဉ်နှင့် ကျရောက်ပြီးပါက လုပ်​ဆောင်ရမည့် လုပ်ငန်းစဥ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်နိုင်ရေးနှင့် ပတ်သက်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးပွဲအပြီးတွင် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မည့်နေရာများအား ကြည့်ရှုခဲ့ကြပြီး ငလျင်လှုပ်ခတ်နေစဉ် ကျောင်းသား၊ ကျောင်းသူများ လုပ်ဆောင် သွားရမည့် အ​ခြေအနေများကို လက်တွေ့သရုပ်ပြသ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇင်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment