Pages

Pages

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပန်းလိုချင်ရင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊    ဇွန်   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့မွန်းလွဲ (၁၄:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်ရင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး Book club အဖွဲ့ဝင် ဒေါ်မေစန္ဒါခင်က ပန်းလိုချင်ရင် အပင်ကိုပျိုးတက်မှ စာအုပ်ထဲမှမိဘနှင့်ဥယျာဉ်မှူး၊ ကလေးနှင့် အာဟာရ၊ ကလေးနှင့်ဉာဏ်ရည်၊ မိဘ၏ဆန္ဒနှင့်သဘာဝ အစရှိသည် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များအား ပြန်လည် ဆွေးနွေးခဲ့ကြသည်။


ထို့နောက်ပန်းလိုချင်ရင် အပင်ကိုပျိုးတတ်မှ စာအုပ်ထဲမှ စာရေးသူရေးသားထားသည့် အကြောင်း အရာများအား တက်ရောက်လာသူများမှ အသေးစိတ်ဖတ်ကြားရခြင်းဖြင့် ပန်းလှလှကို ရလိုလျှင် ဥယျာဥ်မှူးကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်သကဲ့သို့ သားကောင်းသမီးကောင်းရလိုလျှင် မိဘကောင်းဖြစ်ရန်လိုအပ်ကြောင်း၊ သားသမီးတို့ကို ပြုစုပျိုးထောင်ရန်အတွက် အကောင်းဆုံး ဖြစ်စေမည့်နည်းလမ်းများကိုလည်းသိရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment