MNP ၊ ဇွန် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇွန် ၂၆ ရက်မွန်းလွဲ ၂ နာရီက အ.ထ.က(ကျိုက်မရော)ကျောင်း၌ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့်ဌာနဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြပြီး ပူးပေါင်းအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးကျရောက်လာပါက လိုက်နာရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်အချက်များကို ပညာပေးဟောပြောကာ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment