Pages

Pages

ကျိုက်မရောမြို့နယ်၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်



MNP ၊    ဇွန်   ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇွန် ၂၆ ရက်မွန်းလွဲ ၂ နာရီက အ.ထ.က(ကျိုက်မရော)ကျောင်း၌ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့်ဌာနဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြပြီး  ပူးပေါင်းအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးကျရောက်လာပါက လိုက်နာရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်အချက်များကို ပညာပေးဟောပြောကာ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment