ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းအထကကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ကျောင်းအပ်နှံထားရှိမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းအထကကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ကျောင်းအပ်နှံထားရှိမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP ၊ မေ  ၃၁

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့၊အထကကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ကျောင်းသား / သူများ ကျောင်းအပ်နှံထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


       အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း  ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ကျောင်းသား / သူများ ကျောင်းအပ်နှံထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ထပ်မံဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကျောင်းသား/ သူများ၊ဆရာ/ ဆရာမများ၏သင်ကြားမှုဆိုင်ရာလိုအပ်ချုပ်များ၊တည်းခိုနေထိုင်နိုင်ရေးကိစ္စရပ်များအပေါ် သက်ဆိုင်ဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)