ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ



MNP ၊    ဇွန်   ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာပြီး စာဖတ်စွမ်းရည်၊ အတွေးအခေါ်များ မြှင့်မားလာစေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပစာပေများလေ့လာဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကလောမြို့နယ် စာရေးဆရာအသင်းဖြစ်သည့် ဒိုင်အဖွဲ့မှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက စာရေးဆရာကြီး မင်းသုဝဏ်ရေးသားသည့် “သပြေသီးကောက်”ကဗျာခေါင်းစဉ်နှင့် စာရေးဆရာ ကန့်ဘလူ ကံတင်အောင်ရေးသားသည့် ဆေးလိပ်သတိခေါင်းစဉ်ကဗျာတို့ကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။


ကျော်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)