တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ



MNP ၊    ဇွန်   ၂၂

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ  မောင်မင်းစိုး ရေးသားသော “ လူငယ်နဲ့လူမှုရေး” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သည့် “လူငယ်နဲ့ဝါသနာ”နှင့် “လူငယ်နဲ့ပြိုင်ပွဲ” စသည့် အကြောင်း အရာများကိုလည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာ ဖုန်းနိုင်ထွန်း(ရွှေသရဖူ)က “လူငယ်နဲ့ အသိစိတ်”၊ “လူငယ်နဲ့ အာရုံ”နှင့် “လူငယ်နဲ့ မိသားစု”  စသည့်အကြောင်းအရာများကိုလည်းကောင်း မြို့နယ်ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က  “လူငယ်နဲ့ စေ့စပ်ညှိနှိုင်းခြင်း”နှင့်  “လူငယ်နဲ့လက်များ” စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည် ။


အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များ တက်ရောက်ကြပြီး အပြန်အလှန်ဆွေးနွေးကြကြောင်းသိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)