ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု ကြည့်ရှုစစ်ဆေး







MNP ၊    ဇွန်   ၂၈

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောက်ရှောက်ပေးနေမှုအား ကြည့်ရှု အားပေးပြီး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကေသရိန္ဒအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီး အဆိုပါ ကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆) နယ်လှည့်ဆေးကုသရေး အဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူ နေသူများကို ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြား သည်။ 


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် တောင်ရင်းရပ်ကွက် ဘိုးဘွား ရိပ်သာအနီး သုသာန်အဝင်လမ်းဘေး ဝဲ/ယာရှိ စွန့်ပစ်အမှိုက်ပုံကြီးအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် စက်ယန္တရားများဖြင့်  ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ စွန့်ပစ်အမှိုက်များအား သတ်မှတ်နေရာများတွင်သာ စနစ်တကျစွန့်ပစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး/ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)