နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံ






MNP ၊    ဇွန်   ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် နံနက် (၁၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရှိနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဦးခွန်အောင်မှန်မှ ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြပြီး အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း၊ သက်မွေးပညာသင်တန်း ကျောင်းအုပ်ဒေါ်ခင်စန်းဝင်းမှ အိမ်တွင်းမှုနှင့် သက်မွေး သင်တန်းကျောင်း အချက်အလက်များ ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်က လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က မွေးထုတ် ပေးလျက်ရှိပါကြောင်း၊ ယနေ့နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စည်းကမ်းရှိစွာ ကြိုးစားသင်ယူပေးကြရန်နှင့် မိမိတို့ရှေ့ဆောင် လမ်းပြကောင်းမှ နောင်လာမည့် မျိုးဆက်သစ်များအတွက် လမ်းပြကောင်းမှာ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို ရင်ဝယ်သားသဖွယ် စေတနာကောင်းဖြင့် မွေးထုတ်သင်ကြားပေးရန် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်း၊ သက်မွေးလုပ်ပညာ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးတို့မှ အသီးသီးလက်ခံရယူကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အိပ်ဆောင်များ၊ စိုက်ပျိုးရေးခြံ၊ ရေသန့်စက်ရုံ၊ စာကြည့်တိုက်၊ စတိုဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရရှိရသည်။


မောင်မောင်သန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)