Pages

Pages

(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


MNP ၊    ဇွန်   ၂၇                            

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံ-ဧရာကုန်တင်ယာဉ် ရပ်နားကွင်း၌ ကျင်းပသည်။


အဆိုပါမီးရှို့ဖျက်ဆီးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် ဇင်မင်းထက်၊ ရန်ကုန်တိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်၊ တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်မှ ဖတ်ကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ဖမ်းဆီးရမိ မူးယစ်ဆေး ဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သပ်၍ ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသည့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း များအား ကြည့်ရှုစစ်ဆေးကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးသည်။


(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ အမြန်လမ်းမကြီး၊ ကရင်ပြည်၊ မွန်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးစသည့်နေရာ ၉ နေရာမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဓာတ်တုပစ္စည်း ၃၆ မျိုးဖြစ်သည့် ဘိန်း ၁၇၄ ဒသမ ၂၃၂၄၂ ကီလို၊ ဘိန်းဖြူ ၉၂ ဒသမ ၅၂၁၉၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၆၅၈၉၄၃ ဒသမ ၅  ပြား၊ စိတ်ကြွအကြေမှုန့် ၀ ဒသမ ၀၈၅၉၅ ကီလို၊ အိုက်စ် ၁၂၇၄၈ ဒသမ ၃၀၅၁၈ ကီလို၊ ဆေးခြောက်  ၃၈၅ ဒသမ ၈၇၇၁၇၉ ကီလို၊ ဆေးခြောက်အရည် ၀ ဒသမ ၀၅၉၉ လီတာ၊ ဘိန်းစာရွက် ၁၀၆၈ ဒသမ ၉၉၈၀၄ ကီလို၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈၀၃ ကီလို၊ ဘိန်းစာပင်  ၇၃ ပင်၊ ဘိန်းစာရည် ၄၉ ဒသမ ၄၆ လီတာ၊ အက်တက်စီဆေးပြား ၂၃၀၆၁ ဒသမ ၅ ပြား၊ ကက်တမင်း ၄၁၆၂ ဒသမ ၁၃၂၉၇၆ ကီလို၊ Happy water ၃၈၈ ဒသမ ၉၁၆၅ ကီလို၊ ဇိုလမ်ဆေးပြား ၄၈၉၉၀ ပြား၊ ကီလို ၊ Hydrochloric Acid ၃၀၀၉၄ ဒသမ ၆၂၅ လီတာ၊ Acetone ၁၃၅၆၄၁ ဒသမ ၄၇၅ လီတာ၊ Methylamine ၄၁၆၄၃ ဒသမ ၈၇၅ လီတာ၊ Toluene ၁၉၆၈၂၃ ဒသမ ၈ လီတာ၊ Methyl Ethyl Ketone ၁၇၉ ဒသမ ၅ လီတာ၊ Ammonium Nitrate ၁၆၅၉၃၇ ဒသမ ၁၁၅၆ ကီလို၊ Sodium Sulfate Anhydrous ၉၄၁၅ ဒသမ ၅၂ ကီလို၊ Caustic  Soda ၇၇၃၆၀ ဒသမ ၈ ကီလို၊ Potassium Nitrate ၃၂၃ ဒသမ ၂၆ ကီလို၊ Ethyl Benzylamine ၁၄၉၁ ဒသမ ၀၉၅ လီတာ၊ Dichloromethane ၇၅၅၆ လီတာ၊ Hydrogen Peroxide ၃၅၈၈၄ ဒသမ ၆၂၅ လီတာ၊ Aluminium Sulfate ၂၄၀၉ လီတာ၊ Isopropyl Alcohol ၈၂၁၇ ဒသမ ၇၅ လီတာနှင့် Methanol ၅၇၀၉၂ ဒသမ ၅ လီတာ စသည့်မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုးတို့၏ စုစု ပေါင်းတန်ဖိုး ငွေကျပ် ၄၃၆ ဒသမ ၄၅၆၆၄ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၈၃၆၄ သန်း )ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment