နောင်ချိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အစည်းအဝေးကျင်းပ





MNP ၊    ဇွန်   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် နှစ်ပတ်လည်အစည်းအဝေးအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများနှင့် ပညာသင်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား(၇)ဦး၊ မသန်စွမ်းသူ(၅)ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်တက်ရောက်နေသူကျောင်းသား၊ ကျောင်း(၃)ဦး၊ အဝေးသင်တက်ရောက်နေသူ(၄)ဦး၊ တက္ကသိုလ်ဝင်တန်းအောင်(၂)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂)ဦး၊ အလယ်တန်းအဆင့်(၂၆)ဦး၊ မူလတန်းအဆင့်(၂၉)ဦးတို့အတွက် ထောက်ပံ့ငွေများကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့များမှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် ဒုတိယပိုင်းအစီအစဉ်အနေဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်နေ့အစည်းအဝေး(၂၀၂၃)အား ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)