ပွင့်ဖြူမြို့နယ်၌ ကျွဲနွားတိရစ္ဆာန်အစာဖူလုံစေရန်အတွက် ဒေသခံတောင်သူများက နှံစားပြောင်းသီးနှံများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျွဲနွားတိရစ္ဆာန်အစာဖူလုံစေရန်အတွက် ဒေသခံတောင်သူများက နှံစားပြောင်းသီးနှံများ စတင်စိုက်ပျိုး


MNP ၊    ဇွန်   ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် ဇွန်လဆန်းက ရွာသွန်းခဲ့သည့်မိုးဖြင့် နှံစားပြောင်းသီးနှံများစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် နှံစားပြောင်းသီးနှံစိုက်ပျိုးခြင်းကို ဧက ၂၀ လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများက ယခုဇွန်လဆန်းက ရွာသွန်းခဲ့သည့်မိုးဖြင့် မိမိတို့၏ လယ်ယာမြေများကိုထွန်ယက်ကာ နှံစားပြောင်းသီးနှံအား ကြိုးပမ်းစိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ နှံစားပြောင်းသီးနှံ ၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 


"ယခု ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစုံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက မိမိတို့ရဲ့ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိတဲ့ ကျွဲနွားတိရစ္ဆာန်တွေအတွက် အစာဖူလုံစေရန် ရည်ရွယ်ပြီးတော့ နှံစားပြောင်းသီးနှံများကို ဇွန်လဆန်းကစပြီး စိုက်ပျိုးနေကြပါတယ်။ နှံစားပြောင်းသီးနှံ တစ်မြို့နယ်လုံးစိုက်ဧကအနေနဲ့ဆိုရင် ဧက ၂၀ လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပြီး ယနေ့အထိ မြေပြင်စိုက်ပြီးဧက ၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူတွေက သီးနှံဝင်ငွေရရှိဖို့နဲ့ ကျွဲနွားတိရစ္ဆာန်အစာဖူလုံစေရန်အတွက် ဖူးစားပြောင်းသီးနှံကိုလဲ စိုက်ပျိုးလျက်ရှိပါတယ်။ ဖူးစားပြောင်းသီးနှံ ကတော့ လျာထားစိုက်ဧက ၃၃၃၀ စိုက်ပျိုးသွားမှာဖြစ်ပြီးတော့ ယနေ့အထိ စိုက်ဧက ၃၅၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ကျွန်မတို့ စိုက်ပျိုးရေး ဦးစီးဌာနက မိုးသီးနှံစိုက်ပျိုးရာသီမှာ သီးနှံအမျိုးအစားအလိုက် တစ်ဧက အထွက်နှုန်း တိုးတက်စေဖို့နဲ့ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဒေသတွင်းရှိ တောင်သူတွေကို စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို အသိပညာပေးကာ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှံစားပြောင်းနှင့် ဖူးစားပြောင်းသီးနှံအပါအဝင် မိုးစပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ ပဲကြီး ၊ ဝါသီးနှံ ၊ ကြံ ၊ စားပင်သီးနှံမျိုးစုံ ၊ ဆေးဖက်ဝင်သီးနှံနှင့် နှစ်ရှည်သီးနှံစသည့် သီးနှံစုံစိုက်ဧက ၁၀၉၅၀၄ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရကာ ယနေ့အထိ သီးနှံစုံစိုက်ဧက ၁၄၅၅၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။   


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)