ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်





MNP ၊    ဇွန်   ၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန  (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က၊ ကင်းရုံး-၂ သို့ သွားရောက်ပြီး ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားနှင့် ခံတွင်းဆိုင်ရာ  Dr . ယဥ်ယဥ်ဝင်း ( ဦးစီးအရာရှိ ) က ကျောင်းသား၊ကျောင်းသူများကို သွားနှင့်ခံတွင်းအကြောင်း ကျန်းမာရေး သရုပ်ပြ ပညာပေးခြင်း၊(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ ဦးစီးအရာရှိ ဒေါ်နီလာအေးက  လက်သန့်ရှင်းရေးနှင့် လက်ဆေးနည်း သရုပ်ပြခြင်းနှင့် ဘက်စုံသားဖွားဆရာမ ဒေါ်မွန်မွန်အောင်က သန့်လေးသန့် အကြောင်း သရုပ်ပြပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)