မျက်မမြင်မိခင် ကို ထီးပြင်ပြီး လုပ်ကျွေးပြုစုနေတဲ့ ၁၁နှစ်အရွယ် သား မောင်ဖြိုးဝေအောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျက်မမြင်မိခင် ကို ထီးပြင်ပြီး လုပ်ကျွေးပြုစုနေတဲ့ ၁၁နှစ်အရွယ် သား မောင်ဖြိုးဝေအောင်






မီဒီယာတချို့မှာ မျက်မမြင် မိခင်ကို ထီးပြင်ပြီး လုပ်ကျွေးနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အင်တာဗျူးလေးကို တွေ့လို့ စိတ်ဝင်တစား ကြည့်မိပါတယ်။ မိခင်ဖြစ်သူက မျက်စိမမြင်ရတော့တဲ့အတွက် အလုပ် မလုပ်နိုင်တော့ဘူး။ ၁၁နှစ်အရွယ် သားငယ်လေးဖြစ်တဲ့ မောင်ဖြိုးဝေအောင် က ထီစုတ်တွေကို ဝယ်၊ တစ်စစီပြန်ဖြုတ်ပြီး ထီးအကောင်းဖြစ်အောင် ပြန်ပြီး ပြုပြင်ကာ ထီးတစ်လက်ကို ၁၅၀၀ နဲ့ စံပြဈေးအနီးမှာပဲ ရောင်းတယ်လို့ ပြောပါတယ်။ တစ်ခါတစ်လေ တံတားပေါ် သွားရောင်းတဲ့ အခါမျိုးမှာတော့ အနိုင်ကျင့်ခံရတာမျိုးလည်း ကြုံရတယ်လို့ မိသားစုဝမ်းရေးအတွက် အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေရတဲ့ သားလေး မောင်ဖြိုးဝေအောင် က ပြောပြထားပါတယ်။


သူ့ရဲ့ မိခင် ဒေါ်သန်းသန်းမော် က ဈေးရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့သူ တစ်ဦးပါပဲ။ ကလေးတွေ ငယ်စဉ်ကတည်းက ဈေးရောင်းတဲ့အလုပ်နဲ့ပဲ အသက်မွေးခဲ့သူပါ။ မျက်စိက တတိယကိုယ်ဝန်ရပြီးမှာ လုံးဝ မမြင်ရတော့တာလို့ ဆိုပါတယ်။ တခြား သားသမီးတွေကတော့ ဘယ်ဆီမှာရှိနေလဲ မသိရပါဘူး။ အခု လက်ရှိ သူမကို လုပ်ကျွေးနေတဲ့ သားငယ်လေး မောင်ဖြိုးဝေအောင် ကိုယ်ဝန်ရစဉ်မှာပဲ ဖခင်ဖြစ်သူက ဆုံးပါးသွားတယ်လို့ သိရပါတယ်။


ဆရာဝန်နဲ့ပြပြီး ကုရင်တော့ မျက်စိပြန်မြင် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဆရာဝန်ပြန်ကြည့်တဲ့အခါ အာရုံကျောတွေ က မရတော့ဘူး။ မျက်လုံးသာ မဟုတ်ဘဲ နှာခေါင်းကလည်း အနံ့မရဘူးလို့ ဆိုပါတယ်။


သားလေး မောင်ဖြိုးဝေအောင် က သူ့ဦးလေးဆီက ထီပြင်တာကို သင်တယ်။ ဦးလေးဖြစ်သူ လမ်းဘေးမှာ ဈေးရောင်းတော့လည်း လိုက်ရောင်းပေးခဲ့ဖူးပုံ ပေါ်ပါတယ်။ သူ့အမေကို ဈေးရောင်းကျွေးမယ်။ မျက်မှန်ရောင်းချင်တယ်လို့ ပြောပါတယ်။ မျက်မှန်ရောင်းတတ်လို့လား ဆိုတဲ့အခါမှာ မောင်ဝေဖြိုးအောင်က "ရောင်းတတ်တယ်၊ နေကာလား၊ ပါဝါလား၊ စာကြည့်လား" လို့ သူမျက်မှန် ရောင်းတတ်တဲ့အကြောင်း ပြောပြလာပါတယ်။


မောင်ဖြိုးဝေအောင် ဟာ တတိယတန်းအထိ ပဲ ကျောင်းတက်ရပြီး မျက်မမြင်မိခင်ကို လုပ်ကျွေးနေရသူ ဖြစ်ပါတယ်။ သူကျောင်းတက်ချင်သေးလားလို့ မေးတော့လည်း တက်ချင်တယ်လို့ ပြောပါတယ်။


ကျူးကျော်မှာ တစ်လကို ၅၀၀၀၀ ပေးပြီး အခန်းငှားနေကြရတယ်။ သူ့ရဲ့ အိမ်ခန်းလေးဟာ သူ့ရဲ့ အလုပ်ခန်းပါပဲ။ ရောင်းရတဲ့ နေ့မှာတော့ ထီတစ်လက် ၁၅၀၀ နဲ့ (၁၀)လက်လောက် ရောင်းရပြီး ၁သောင်းကျော်လောက် ရရင်တော့ ပျော်ပြီး ပြန်လာလေ့ ရှိပါတယ်။ ထီးတစ်လက်လောက်သာ ရောင်းရတဲ့ နေ့ဆိုရင်တော့ သူနှုတ်ခမ်းဆူပုတ်ပြီး အိမ်ပြန်လာတတ်ပါတယ်။ သူ့အမေကို ထီးမရောင်းချင်တော့ဘူးလို့ ပြောတယ်။ မျက်မမြင် မိခင် က ဖျောင်းဖျပြီး ဒီအလုပ်လေးကိုပဲ ဆက်လုပ်ဖို့ နားချရတယ်။


သူ့မှာ ဈေးရောင်းတတ်တဲ့ အတတ်ပညာ ရှိတယ်။ သူ့အမေကိုလည်း မျက်စိကုပေးချင်တယ်။ ပညာရေးကံကတော့ ခေရှာတယ်လို့ ပြောရပါမယ်။ မိသားစုအခက်အခဲကြောင့် သူငယ်တန်းမှာလည်း ၂နှစ်အောက် ရတယ်။ ၁တန်းမှာလည်း တစ်နှစ်အောက်ရတယ်။ ၃တန်းအထိတော့ တက်ခွင့်ရခဲ့တယ်။ 


ဒီလို အသိတရားရှိတဲ့ ကလေးငယ်တွေဟာ မြေတောင်မြှောက်ပေးဖို့ ထိုက်တန်ပါတယ်။ သားလေး မောင်ဖြိုးဝေအောင် ဟာ အရွယ်နဲ့ မလိုက်အောင် မိဘအပေါ် သိတတ်ပြီး အသိတရားရှိတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ တတ်နိုင်မယ်ဆိုရင် သူ့ကို ကျောင်းပြန်တက်နိုင်အောင်၊ သူနဲ့ သူ့အမေရဲ့ နေထိုင်စားသောက်ရေးအတွက်လည်း ဝိုင်းဝန်းကူညီပေးနိုင်ကြမယ်ဆိုရင် သားလေး မောင်ဖြိုးဝေအောင် ရဲ့ အနာဂတ်ဟာ တောက်ပြောင်လာမှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ကူညီရိုင်းပင်းတတ်သော စိတ်ဓာတ်၊ အမြင်မတော်ရင် ပြုစုပျိုးထောင်ပေးလိုသော  ပရဟိတ စိတ်ဓာတ်နဲ့ ကူညီပံ့ပိုးနိုင်သူများက အားတက်တရော ဝိုင်းဝန်းကူညီလိုက်ကြမယ်ဆိုရင် သားလေး မောင်ဖြိုးဝေအောင် နဲ့ မျက်မမြင် မိခင်တို့အတွက် အတိုင်းထက် အလွန် ဖြစ်မှာ အသေအချာပါပဲ။


Photo Crd -

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)