MNP ၊ ဇွန် ၂၇
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လသာရပ်ကွက်အောက်ရွာတွင် ဇွန် ၂၅ ရက်နေ့ ၁၈ နာရီ ၅မိနစ်အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်း ဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် လသာရပ်ကွက်အောက်ရွာတွင် မူးယစ်ဆေးဝါး သတင်း အရ မူဘာရက်ဘေဂွန်(မ)၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ၎င်းအားတွေ့ရှိပြီး ၎င်း၏ လက်ယာဘက်အတွင်းမှ အနီ ရောင်အဝတ်အစဖြင့် ထုတ်လျက်အပြာရောင်ပလက်စတစ်ကပ်ခွာအိတ်အတွင်း WY နှင့် R စာတမ်းပါ ရောရာ ပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၈ ပြား ၊ အစိမ်းရောင်ဆေးပြား ၂ ပြား စုစုပေါင်းဆေးပြား ၃၀ပြား ၊ အလေးချိန် ၂ ဒဿမ ၇ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်ရှေ့ခန်းအတွင်း ထောင်ထားသည့် TZE စာတမ်းပါ အနက်ရောင် ဆောင်းဘောက်(စ်)အတွင်းမှ အနက်ရောင်ပလက်စတစ်အိတ်ဖြင့် ထုပ်ထားသည့် လိမ္မော်ရောင်စိတ်ကြွရှုးသွပ်ဆေးပြားအကြေမှုန့် ၂ ဒဿမ ၅ ဂရမ်ခန့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၅ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး မောင်တောမြို့မရဲစခန်းတွင် အမှု ဖွင့်လှစ်ကာ တရားဉပဒေအရ အရေး ယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment