ရခိုင်ပြည်နယ် မောင်တောမြို့နယ် လသာရပ်ကွက်အောက်ရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လသာရပ်ကွက်အောက်ရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ


MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လသာရပ်ကွက်အောက်ရွာတွင် ဇွန်  ၂၅ ရက်နေ့ ၁၈ နာရီ ၅မိနစ်အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်း ဆီးရမိခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  လသာရပ်ကွက်အောက်ရွာတွင် မူးယစ်ဆေးဝါး သတင်း အရ မူဘာရက်ဘေဂွန်(မ)၏ နေအိမ်အား  ဝင်ရောက်စစ်ဆေးရာ ၎င်းအားတွေ့ရှိပြီး ၎င်း၏ လက်ယာဘက်အတွင်းမှ  အနီ ရောင်အဝတ်အစဖြင့် ထုတ်လျက်အပြာရောင်ပလက်စတစ်ကပ်ခွာအိတ်အတွင်း WY နှင့် R စာတမ်းပါ ရောရာ ပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၈ ပြား ၊ အစိမ်းရောင်ဆေးပြား ၂ ပြား စုစုပေါင်းဆေးပြား ၃၀ပြား ၊ အလေးချိန် ၂ ဒဿမ ၇ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး  နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်ရှေ့ခန်းအတွင်း ထောင်ထားသည့် TZE စာတမ်းပါ အနက်ရောင် ဆောင်းဘောက်(စ်)အတွင်းမှ အနက်ရောင်ပလက်စတစ်အိတ်ဖြင့် ထုပ်ထားသည့်  လိမ္မော်ရောင်စိတ်ကြွရှုးသွပ်ဆေးပြားအကြေမှုန့် ၂ ဒဿမ ၅ ဂရမ်ခန့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၅ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး  မောင်တောမြို့မရဲစခန်းတွင် အမှု ဖွင့်လှစ်ကာ တရားဉပဒေအရ အရေး ယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)