ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ







MNP ၊    ဇွန်   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော် ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃  ခုနှစ်၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းအားကစားသမားများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များက တစ်ခဲနက်ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်ကိုယ်စား ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျေးဇူးတင်စကားပြောကြားပြီး ဆုများဆက်လက်ချီးမြှင့်ရာ  အထူးဆုရရှိသည့် P.S (က) အသင်း၊ M.A (က)နှင့် M.A (ဃ) အသင်းတို့အား အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းဒိုင် ဦးကျော်စိုး ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကိုသားကြီး(ဆောက်လုပ်ရေး) အသင်းအား ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးဇေယျာလွင် ကလည်းကောင်း၊ တတိယဆုရရှိသည့် Y.K.K ၂၁ အသင်းအား ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ထွန်းမြင့်ကို (ဆောက်လုပ်ရေး) အသင်းအား ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြင့်ဌေးက လည်းကောင်း၊  ပထမဆုရရှိသော A.M အသင်းအား ပြင်ဦးလွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်ကလည်းကောင် ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်  ပါဝင်ပံ့ပိုးခဲ့ကြသည့် ပုဂ္ဂိုလ်များအား တစ်ဦးချင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သုံးသိန်း ၊ ဒုတိယဆု ငွေကျပ်နှစ်သိန်း ၊ တတိယဆု တစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးသောင်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ပြီး  အုပ်စုတစ်အုပ်စု လျှင်ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်း အသင်း(၃)သင်း နှုန်းဖြင့် အုပ်စု(က)မှအုပ်စု(ဇ)အထိ ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း (၂၄)သင်းတို့က ဇွန် (၁၀)ရက်နေ့မှ ဇွန်လ (၁၂)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။


ဖြူလူသစ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)