ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် ဖွင့်လှစ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် ဖွင့်လှစ်သွားမည်


MNP ၊ မေ  ၃၁

အလွန့်အလွန်အားကောင်းသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်သည့် မေ ၁၄ ရက် က တိုက်ခတ်ခဲ့မှုကြောင့် ပေါက်တောမြို့နယ်အတွင်း  အခြေခံပညာကျောင်းများ၊ အဆောက်အဦများ နှင့် လူနေအိမ်များ ပျက်စီးခဲ့ရာ ကျောင်းများကို ဇွန် ၁ ရက်တွင် ဖွင့်လှစ်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ဗိုလ်မှူးချုပ် ဆန်နီအုန်း က ဇွန် ၁ ရက်နေ့ ကျောင်းများ ဖွင့်လှစ်ရာတွင် ခေါင်မိုးများမပြီးစီးနိုင်သော ကျောင်းများအား ယာယီစာသင်နိုင်သော မပျက်စီးဘဲ ကျန်ခဲ့သော ကျောင်းဆောင်များ နှင့် ဘုန်းတော်ကြီးသင်ကျောင်းများ၊ဓမ္မာရုံများ စာသင်၍ရနိုင်သော အဆောက်အဦးများအား ရွေးချယ်ပြီးဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ကျောင်းသား ကျောင်းသူများအား ဝမ်းရောဂါ၊အဖျားရောဂါ ၊အထွေထွေရောဂါများမဖြစ်ပွားရအောင် ကျောင်းပတ်ဝန်းကျင်းသန့်ရှင်းရေး၊သောက်သုံးရေများ၊အိမ်သာများကို စနစ်တကျဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူး နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများက မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းများ ပျက်စီးမှုကို ပြန်လည် ပြုပြင်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြပြီး  တင်ပြချက်များ နှင့် စပ်လျဉ်း၍ ဗိုလ်မှူချုပ် ဆန်နီအုန်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)