Pages

Pages

တာချီလိတ်မြို့၌ မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကျင်းပ




MNP ၊    ဇွန်   ၃၀

မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ပုံကျေးရွာအုပ်စု ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) အားကစားကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက အားကစားနည်း ၄ မျိုးဖြင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ဇော်မိုးက (၄)နိုင်ငံချစ်ကြည်ရေးနှင့် ဒုစရိုက်လုပ်ငန်းများ ပူးပေါင်းဖော်ထုတ်နိုင်ရေး၊ ချစ်ခင်ရင်းနှီးစွာ ယုံကြည်မှုအပြည့်အဝဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ချစ်ကြည်ရေးအားကစားပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် အားကစားပြိုင်ပွဲ မစတင်မီ (၄)နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်သည့် မြန်မာနိုင်ငံမှ ရေကြောင်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ဇော်မိုး၊ တရုတ်နိုင်ငံမှ (Yuan Ya Ping)၊ လာအိုနိုင်ငံမှ (Ben Tan)၊ ထိုင်း နိုင်ငံမှ (Nuo Pa Dun) တို့မှ လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အားကစားသမားများကို လိုက်လံနှုတ်ဆက်ခဲ့ကြပြီး၊ အားကစားနည်း ၄ မျိုးဖြစ်သည့် ဘောလုံးပြိင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိင်ပွဲများ ယှဉ်ပြိုင်ကျင်းပခဲ့ရာ ဆုရရှိသည့်အသင်းများအား သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များမှ ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပနေစဉ် (၄) နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များမှ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ မဲခေါင်မြစ်အတွင်း မောင်းသူမဲ့ရေယာဉ်အား သရုပ်ပြမောင်းနှင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment