Pages

Pages

ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ





MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန်လ (၁၉)နေ့ နံနက်ပိုင်းမှစတင်၍ (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဇွန်လ(၂၆)ရက်နေ့က အသက်(၅)နှစ်ပြည့်ပြီးသည့် KGကျောင်းသား၊ ကျောင်းသူ (၂၈)ဦးကို First Dose ကာကွယ်ဆေးအား လည်းကောင်း၊ အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၁၃)ဦးတို့ကို First Dose ကာကွယ်ဆေးနှင့် (၇၄)ဦးတို့ကို   (Second Booster Dose)ကာကွယ်ဆေးများအား လည်းကောင်း  ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထို့နောက် စုရပ်ကျောင်းများသို့ ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment