တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်



MNP ၊ ဇွန် ၂၆

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   


ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင်လူငါးဦးထိုးနိုင်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သို့ Sinopharm ၁၇၆၀၀ လုံး၊ ဆေးထိုးအပ် ၈၉၆၀၀ ချောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့သို့ Sinopharm ၁၇၀၀၀ လုံး၊ ဆေးထိုးအပ် ၈၆၄၀၀ ချောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ Sinopharm ၉၃၃၄ လုံး၊ ဆေးထိုးအပ် ၈၆၄၀၀ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ Sinopharm ၂၁၀၀၀ လုံး၊ ဆေးထိုးအပ် ၁၀၅၆၀၀ ချောင်း၊ ချင်းပြည်နယ်ကလေးမြို့သို့ Sinopharm ၃၀၀၀ လုံး၊ ဆေးထိုးအပ် ၁၆၀၀၀ ချောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ၇၀၀၀ လုံး၊ ဆေးထိုးအပ် ၅၁၂၀၀ ချောင်း၊ သံတွဲမြို့သို့ Sinopharm ၁၀၀၀၀ လုံး၊ ဆေးထိုးအပ် ၃၅၂၀၀ ချောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ Sinopharm ၁၂၅၆၅ လုံး၊ ဆေးထိုးအပ်  ၆၄၀၀၀ ချောင်း၊ ထားဝယ်မြို့သို့ Sinopharm ၄၃၅၂ လုံး၊ ဆေးထိုးအပ် ၂၂၄၀၀ ချောင်း၊ ကော့သောင်းမြို့သို့ Sinopharm ၃၂၀၀ လုံးနှင့် ဆေးထိုးအပ် ၁၆၀၀၀ ချောင်း တို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။


အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)