စစ်တွေမြို့နယ် မော်သီးညာကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ မုန်တိုင်းသင့်ကျေးရွာသူ/ကျေးရွာသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ဒံပေါက်ထမင်းဘူးများပေးဝေလှူဒါန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့နယ် မော်သီးညာကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ မုန်တိုင်းသင့်ကျေးရွာသူ/ကျေးရွာသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ဒံပေါက်ထမင်းဘူးများပေးဝေလှူဒါန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


MNP ၊ ဇွန် ၁၂

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကွပ်ကဲ မှုအောက်ရှိ တပ်များမှ အထူးဆေးအဖွဲ့များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေး ဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ် အလိုက် သတ်မှတ်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့‌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကွပ်ကဲမှုအောက်ရှိတပ်များမှ သမားတော် များ၊ အထူးကုများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော အထူးဆေးကုသရေးအဖွဲ့က စစ်တွေမြို့နယ် မော်သီးညာကျေးရွာ၌ အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ များရှိ မုန်တိုင်းသင့်ကျေး ရွာသူ/ ကျေးရွာသားများအား သွေးတိုးရောဂါ၊ ဝမ်းပျက်/ ဝမ်းလျှောရောဂါ၊ အရိုး/ အကြောရောဂါများ၊ အထွေထွေရောဂါများနှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ရိုက်တာများအသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း (MICA)နှင့် ဘာသာ စုံမိတ်ဆွေများမှ ချက်ပြုတ်လှူဒါန်းသော သီးစုံဒံပေါက်ထမင်းဘူးများ ပေးဝေလှူဒါန်း ကြသည်။


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီး တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)