ရခိုင်ပြည်နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်









MNP ၊    ဇွန်   ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်၊ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြီးကြပ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းအေးမှအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှ ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး ရမ်းဗြဲမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်အိမ်ထောင်စု (၃၃၀၇)၊ လေဘေးသင့်အိမ်ထောင်စု(၁၂၂)၊ စုစုပေါင်း(၃၄၂၉)တို့အား၊ ဆီ(၅၀)ကျပ်သားဗူး(၂၆၀၀)၊ ခေါက်ဆွဲခြောက်(ထုပ်သေး)(၃၃၀၀)၊ကော်ဖီမစ်(ထုပ်သေး)(၆၀၀၀)၊ ရေသန့်(၁)လီတာဗူး(၃၄၂၀)တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြီးကြပ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)