တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ




MNP ၊    ဇွန်   ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ် များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး “ ရှောင်လေဝေးဝေး၊ မူးယစ်ဆေး ” ဆိုသည့် စကားအတိုင်း မူးယစ် ဆေးဝါးဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါး ကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ " အထိမ်းအမှတ်  အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများ၊ လူစည်ကားရာနေရာများတွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

" ကျွန်တော်တို့ လူငယ်တွေ မူးယစ်ဆေးဝါးနှင့် ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ အသိပညာပေး လက်ကမ်း စာစောင်တွေ ဖြန့်ဝေပေးတာဟာ အရမ်းကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။ ဒီလက်ကမ်းစာစောင်ကို ဖတ်ရှု လိုက်ရတဲ့အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကိုယ်မသိသေးတဲ့ တစ်ချို့သော ဗဟုသုတတွေကိုလည်း သိရှိခွင့် ရတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ် " ဟု တာမွေမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးက ဆိုသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးအသွင်အဖြစ် ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် အမှာစာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမှာစကား ပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ကျောင်းသား/သူ ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးသုံးစွဲရခြင်း ၏  အကြောင်းအရင်းများ၊ နိုင်ငံအတွင်း ဘိန်းစိုက်ခင်းများအား မီးရှို့ဖျက်ဆီးနေသည့် မှတ်တမ်းဓာတ်ပုံများနှင့် ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကျောင်းသားလူငယ်များ  သိရှိလိုက်နာ သင့်သည့်အချက်များ၊ " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ " အထိမ်းအမှတ် ဂုဏ်ပြုကာတွန်း၊ ကဗျာနှင့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ များကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)