မအီမြို့၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ လှူဒါန်း







MNP ၊    ဇွန်   ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား " သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်း " ဦးစီးနာယက၊ အရှင်ဥတ္တရဝံသ(သတဂဝေသီ)မှ လှူဒါန်းသည့် ထောက်ပံ့ငွေ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများကို မအီမြို့၊ "သဟာရက" လူမှုကူညီရေးအသင်းမှ လူငယ်များက ယနေ့ နေ့လယ်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဖော်ပြပါ လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်ဓမ္မရိပ်သာတွင် နေထိုင်သည့် အရှင်ဥတ္တရဝံသ(သုတဂဝေသီ)မှ လစဉ်ပုံမှန်လှူဒါန်းခြင်းမဟုတ်သော်လည်း ကျွန်တော်တို့ လူမှုကူညီရေးအသင်း လူငယ်အဖွဲ့ ရန်ကုန်ရောက်ဖြစ်တဲ့အခါ အလျဉ်းသင့်သလို  ၂ လလျှင် တစ်ကြိမ်၊ ၃ လလျှင် တစ်ကြိမ် အခါအားလျော်စွာ လှူဒါန်းပါကြောင်း၊ မိမိဒေသ မအီမြို့သို့ အရှင်ဥတ္တရဝံသကိုယ်တော်တိုင် ရောက်ရှိတဲ့ အခါများတွင်လည်း အလားတူ လှူဒါန်းခြင်းများကို ပြုလုပ်ပါကြောင်း " သဟာရက " လူမှုကူညီရေးအသင်းမှ ကိုဝင်းသက်လှိုင်က ပြောကြားသည်။


ထိုသို့ လှူဒါန်းသည့်အကြိမ်များတွင် ဘိုးဘွားဦးရေ ကွာခြားမှုရှိကြောင်း၊ ယနေ့လှူဒါန်းသည့် ဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများကို သက်ကြီးဘိုးဘွား ၂၁ ဦးတို့အား အိမ်တိုင်ရာရောက်လှူဒါန်းခဲ့ပါကြောင်း၊ ထိုသို့ လှူဒါန်းမှုများအတွက် ဘိုးဘွားများကိုယ်စား သက်ကြီးအဘွားတစ်ဦးက ဆုတောင်းမေတ္တာပို့သ၍ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)