မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပ






MNP ၊    ဇွန်   ၁၆

မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ (၃)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ Forever Group မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် ဘောလုံးဝါဿနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။

အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် အဖွင့်ပွဲစဉ်အဖြစ် ရုပ်ရှင်ဘောလုံးအသင်း(MOVIE FC)နှင့် Forever FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရုပ်ရှင်ဘောလုံးအသင်း(MOVIE FC)က FOREVER FC ဘောလုံးအသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်တွင် ဂီတဘောလုံးအသင်း(MUSIC FC)က ညွန့်ပေါင်းဘောလုံးအသင်း(OLD STAR FC) ကို ၄-၁ ဖြင့် အနိုင်ရခဲ့သည်။ အဆိုပါ မိုခါရန်ပုံငွေ ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရုပ်ရှင်ဘောလုံးအသင်း(MOVIE FC)နှင့် ဂီတဘောလုံးအသင်း(MUSIC FC)အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်ကိုလည်းကောင်း၊ FOREVER FC ဘောလုံး အသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း(OLD STAR FC)တို့၏ တတိယနေရာလုပွဲ ပွဲစဉ်များကို ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီမှ စတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များ မကျင်းပမီ မွန်းလွဲ (၂)နာရီမှစတင်၍ အနုပညာ ရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါရန်ပုံငွေဘောလုံးပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)