နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး တက်ရောက်




MNP ၊    ဇွန်   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ဝန်ထမ်းရပ်ကွက်များဖြစ်သည့် သိဒ္ဓိရပ်ကွက် ၉ ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ဦးဆောင်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ  ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ပြီး မြို့တော်အား Green City၊ Clean City ၊ Smart City ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ သိဒ္ဓိရပ်ကွက် ၉ ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ စနစ်တကျသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ စနစ်တကျနေထိုင်ရေး၊ အိပ်ဆောင်ဝန်းကျင်နှင့် အိပ်ဆောင်များသာယာလှပစေရေးတို့ကို အဓိကထားဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များအတွင်း စစ်ဆေးတွေ့ရှိချက်များ၊ သန့်ရှင်းသာယာလှပစေရေး၊ အမြင်တင့်တယ်စေရေး ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေကရုံးများနှင့် စာသင်ကျောင်းများအတွင်း စစ်ဆေးတွေ့ရှိချက်များ၊ သန့်ရှင်းသာယာလှပစေရေး၊ အမြင်တင့်တယ်စေရေးဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 


ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက မြို့တော်သန့်ရှင်းသာယာလှပရေး၊ ဝန်ကြီးဌာနရုံးများ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းအိမ်ရာတိုက်ခန်းများ စနစ်တကျသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ ဝန်ထမ်းအပျိုဆောင်/လူပျိုဆောင်များ စည်းစနစ်တကျနေထိုင်စေရေး၊ အိပ်ဆောင်ဝန်းကျင်နှင့် အိပ်ဆောင်များ သာယာလှပစေရေးတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)