ရွှေတောင်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါးများ၊ဘဲဥနှင့်ကြက်သွန်နီများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါးများ၊ဘဲဥနှင့်ကြက်သွန်နီများရောင်းချပေး




MNP ၊    ဇွန်   ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊မြို့မစျေးအနီးတွင် ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါးများ၊ဘဲဥနှင့်ကြက်သွန်နီများရောင်းချပေးရောင်းချပေးခဲ့ကြောင်းသိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊မြို့နယ်ပြန် / ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ယွန်းတန်းရပ်ကွက် မြို့မစျေးအနီးတွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ကြက်သွန်နီ ( ၁) ပိဿာလျှင် ( ၂၂၀၀) ကျပ်နှုန်းဖြင့် ( ၅၀) ပိဿာ၊ ဘဲဥ ( ၁) လုံးလျှင် ( ၃၀၀) ကျပ်နှုန်းဖြင့် အလုံး ( ၁၅၀၀)၊ကြက်ကောင်လုံး ( ၁) ပိဿာ ( ၇၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၀)ပိဿာ၊ ဝက်သား( ၁) ပိဿာ ( ၁၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၅)ပိဿာ၊ ငါး ( ၁) ပိဿာ ( ၅၀၀၀ိ/-) ကျပ်ပ်နှုန်းဖြင့် ( ၇)ပိဿာ၊ အမဲသား ( ၁) ပိဿာ ( ၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့်( ၁၀)ပိဿာတို့အားဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)