ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကို ကြောင်ပန်းကုန်းကျေးရွာ အုပ်စုတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


ထုံးထည့်သွင်းခြင်းအခမ်းအနားတွင် ပုသိမ်ခရိုင်၊ စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူ များက တောင်သူများထံသို့ ထုံးအိတ်များဖြန့်ဝေပေးအပ်ခဲ့ပြီး ကွင်းအမှတ်၊ ၂၅ က၊ ဦးပိုင် ၃၃ ရှိ တောင်သူဦးအောင်ဝင်း၏ လယ်မြေ(၅)ဧကအတွင်း ထုံးဖြန့်ထည့်သွင်းနေမှုအား ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြသည်။


ထုံးထည့်သွင်းခြင်းဖြင့် အပင်ကိုအဆိပ်အတောက်ဖြစ်စေသော သံ၊ အလူမီနီယမ်နှင့် မဂ္ဂနီး(စ်)စသော သတ္တုဓာတ်များလျော့နည်းစေခြင်း၊ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိအခြေအနေကို တိုးတက်ဖြစ်ပေါ် စေခြင်း၊ မြေဆီလွှာရှိအဏုဇီဝသက်ရှိများ၏ လှုပ်ရှားဆောင်ရွက်မှုကို နှိုးဆွပေးခြင်း၊မြေဆီလွှာရှိမြေမှုန်များ၏ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားတိုးတက်စေခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်များ ရရှိမှုမြင့်မားလာစေခြင်း၊ သဟဇီဝဖြစ်စေသော ပဲမြစ်ဖုဘက်တီးရီးယားများ၏ ဆောင်ရွက်မှုစွမ်းအင်တိုးတက်လာခြင်း၊ ဖော့စ်ဖရပ်ဓာတ်ကိုပို၍စုပ်ယူနိုင်ပြီး ပိုတက်စီယမ်ဆုံးရှုံးမှုလျော့နည်းလာသည့် အပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။


မြင့်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)