Pages

Pages

ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျောင်းအခြေပြု ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေး






MNP ၊    ဇွန်   ၂၇

    မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ‌ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အားဇွန်(၂၇)ရက် နံနက်(၁၀)နာရီ တွင်အမှတ်(၁)အခြေပညာမူလတန်းလွန်ကျောင်း-ကံ့ကော်ရပ်ကွက် ၌ ထိုးနှံပေးခဲ့သည်။


       အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင်အခြေခံပညာကျောင်းများ၌ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား‌၊ကျောင်း သူ‌များ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွား မှုမဖြစ်ပေါ်စေရန် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ  ကြီးကြပ်ရေးမှူးအဆင့်(၂) ဦးသက်မိုးနိုင် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက Sinopharm ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးခဲ့သည်။


    ယင်းသို့ထိုးနှံရာတွင် အသက် (၅)နှစ်မှအသက်(၁၀)နှစ်ထိပထမအကြိမ်ထိုးနှံပြီးသူ(၁၅၀)ဦးနှင့်တစ်ကြိမ်တစ်ခါမှမထိုးနှံရသေး‌သောကျောင်းသား၊ကျောင်းသူ (၃၅၀)ဦးစုစုပေါင်း(၄၀၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment