ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်တွင် ကျောင်းများအချိန်မီဖွင့်လှစ်နိုင်ရေးမြို့ပေါ်ဌာနဆိုင်ရာများနှင့်ဆရာ၊ဆရာမများမှစုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်တွင် ကျောင်းများအချိန်မီဖွင့်လှစ်နိုင်ရေးမြို့ပေါ်ဌာနဆိုင်ရာများနှင့်ဆရာ၊ဆရာမများမှစုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်







MNP ၊ မေ  ၃၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမိုခါမုန်တိုင်းဒါဏ်ကြောင့်အပျက်အစီးများခဲ့ရာပြိုပျက်မှုများတွင်စာသင်ကျောင်းများလည်းပါဝင်သည်။ဇွန်လ(၁)ရက်နေ့တွင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်ပျက်စီးဆုံးရှုံးခဲ့သောမြို့ပေါ်ကျောင်းများအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက ယနေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင်မိုခါမုန်တိုင်းလေဘေးဒဏ်ကြောင့် အမိုးလန်ပျက်စီးသွားသောအထက(၁)၊အထက(၂)၊အမက(၄)၊အမက(၆)စာသင်ကျောင်းတို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှအဖွဲ့များခွဲ၍ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးခြင်း၊ခုံစီခြင်းများဆောင်ရွက်ခဲ့ကြသည်။


ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၄ )ကျောင်းရှိရာမိုခါမုန်တိုင်းဒါဏ်ကြောင့်(၁၃၂)ကျောင်းပျက်စီးခဲ့ကြောင်း စာရင်းကောက်ယူမှုများအရသိရှိရပြီး ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရန် ပညာရေးဌာနမှကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း တာဝန်ရှိသူထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)