အမ်းမြို့၌ အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲ ကျင်းပ





MNP ၊    ဇွန်   ၂၁

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အ လွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အသိပ ညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းအား ယမန်နေ့ ေန့လည်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်းသူ လူငယ်များ အားမူးယစ်ဆေးဝါးနှင့်ပတ် သက်သည့်သိရှိလိုက်နာသင့်သည့် အ ချက်အလက်များ၊ မူးယစ်ဆေးဝါးအန္တ ရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြင့်ဖြစ်ပေါ်လာမည့်  နောက်ဆက် တွဲရလဒ်ဆိုးကျိုးများအကြောင်း၊အမျိုး သားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာမည့် ရောဂါလက္ခဏာများ၊မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုးကျိုးများသုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအ ကြောင်းများကို ဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ် (၃) အခြေခံပညအထက်တန်းကျောင်းမှ  ဆရာမကြီးက ကျောင်းသားလူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေး ဝါးများ၏အန္တရာယ်ကိုရှောင်ရှားတတ်ကြစေရန် လိုအပ်ပါကြောင်း၊ အပေါင်းအသင်းကြောင့် ဖြစ်စေ မိမိတို့စိတ်ကပါ၍ဖြစ်စေ အစ ပြု၍ လုံးဝမသုံးစွဲကြစေရန်၊မူးယစ်ဆေးဝါးများကို ကျောင်းပတ်ဝန်းကျင်တွင် ကင်းရှင်းစေရေးတို့ကို ဟောပြောခဲ့သည်။


 ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်း သားကျောင်းသူများမှ မူးယစ်ဆေးဝါးနှင့် ပတ် သက်၍ သိရှိလိုသည့်အကြောင်း အရာများကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိကသိရှိလိုသည်များ အား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


    အဆိုပါဟောပြောပွဲသို့တက်ရောက်လာသူများအားပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေ သည့် သတင်းစကားလက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ပြီးပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီး ဌာနမှ ပြသထားသည့် မူးယစ်ဆေး ဝါးနှင့်ပတ်သက်သည့်  အသိပညာပေးနံရံကပ်စာစောင်ဓာတ် ပုံများအား ကျောင်းသားကျောင်းသူများ က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)