Pages

Pages

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြို(၂)လုံးရှိ မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်






MNP ၊    ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စုတွင် မိုးသက်လေပြင်းတိုက်ခိုက်၍ နေအိမ်ပြိုကျ ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုများအား ဇွန်လ ၂၅ ရက်နေ့၊နံနက် ၁၁ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းတို့က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာနှင့် သုဗိန္နကျေးရွာတို့၌ ဇွန်လ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၂၁၀၀၀)၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(၂၀၀၀၀၀)ကျပ်၊ စုစုပေါင်း ရန်ုပုံငွေ(၂၂၁၀၀၀)ကျပ်တို့ကို မိုးသက်လေပြင်းဘေးသင့် မိသားစုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment