ပေါက်တောမြို့နယ်၌ မိုးစိုက်ပျိုးစရိတ်ချေးငွေ ၇၂၀၀၀ သိန်း လျာထားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ မိုးစိုက်ပျိုးစရိတ်ချေးငွေ ၇၂၀၀၀ သိန်း လျာထားလျက်ရှိ




MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသူများဖြစ်ပြီး နွေး၊ မိုး ၊ဆောင်း ရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ်တွင် ချေးငွေလျာထားချက် ၇၂၀၀၀ သိန်း၊ ချေးငွေထုတ်ချေးပြီး ၂၃၈၅၀၀၀၀ သိန်းကို ထုတ်ချေးပြီး ဖြစ်ကြောင်းသိရသည်။


ပေါက်တောမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် ဘဏ်နှင့် တောင်သူကြား နှစ်ဦးနှစ်ဖက် အပြန်အလှန်တာဝန်ကျေပြွန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအမီ ထုတ်ချေးပေးလျက်ရှိရာ အချိန်စေ့လွန် ချေးငွေများဖြစ်သော ၂၀၂၀ မိုးချေးငွေ ၊ ၂၀၂၁ မိုးချေးငွေ ၊ ၂၀၂၂ မိုးချေးငွေ နှင့် ကိုဗစ်-၁၉ ချေးငွေ ပြေကျေစွာ ပေးဆပ်ပြီးသော တောင်သူများအနေဖြင့် ယခုနှစ် မိုးစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၃၁ ရက်မှ စ၍ စတင်ထုတ်ချေးပေးနေပြီ ဖြစ်ကြောင်း၊ ယခင်ချေးငွေထုတ်ချေးထားသူ တောင်သူများ ချေးငွေပြေကျေစွာ ပေးဆပ်ကြပါရန် နှင့် ပြေကျေစွာပေးဆပ်ပြီး တောင်သူများအနေဖြင့် ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ရရှိနိုင်ရန် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်၊ ပေါက်တောမြို့နယ်ဘဏ်ခွဲသို့ အမြန်ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်တိုက်တွန်း လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစီစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ချေးငွေပြေကျေပြီးသူများ၏ ချေးငွေစာချုပ်များအား ချေးငွေထုတ်ချေးရေးကာလ အတွင်း အမြန်ဆုံးအချိန်မီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ မြို့နယ်မန်နေဂျာ ဦးဝင်းလှိုင် ထံမှ သိရသည်။

ပေါက်တောမြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးငွေ ထုတ်ချေးရန် ကျေးရွာအုပ်စု ၅၇ အုပ်စု အတွက် ကျေးရွာအုပ်စု ၃ အုပ်စု ၊ တောင်သူ ၂၁ ဦး ၊ ချေးငွေဧက ၁၅၉ ဧက ၊  ဧကနှုန်းထား (၁)ဧက-၁၅၀၀၀၀ ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။


သတင်း-တင်တင်စိန်၊ဓာတ်ပုံ-ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)