MNP ၊ ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီမှ မန္တလေး-လားရှိုးပြည်ထောင်လမ်းမကြီးနှင့် လမ်းဘေးဝဲယာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ လိုက်နာစေရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၇နာရီမှ ၉နာရီ အချိန်ထိ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကင်းရှင်းရေးကြီးကြပ်မှု ကော်မတီဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဥပဒေအရာရှိ၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ယာဉ်ကြီးကြပ်မှုကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စည်းကမ်းမဲ့ မော်တော်ယာဉ်များ ရပ်တန့်မှုမရှိစေရေး၊ တန်ပိုတင်ဆောင်မှုများမပြုစေရေး၊ မြို့တွင်းအရှိန် ပြင်းစွာမောင်းနှင်ခြင်းမပြုရေးတို့ကို ယာဉ်မောင်းများ၊ ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဖမ်းဆီးအရေးယူ ဆောင်ရွက် သွားမည်ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment