ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိ





MNP ၊ မေ  ၁

  ရခိုင်ပြည်နယ်၊ရ‌ သေ့တောင်မြို့နယ် ၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများကို ယနေ့၊ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။ 


ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၁၃၂ကျောင်း အမိုးလန် ပျက်စီးရှုံးဆုံးခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင် ဆောင်ရွက်ပြီးဖြစ်သဖြင့် ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၇၄) ကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အထက်တန်းကျောင်းသား၊သူ(၂၃၂၄)ဦး၊အလယ်တန်းကျောင်းသား၊သူ(၄၆၅၅)ဦး၊မူလတန်းကျောင်းသား၊သူ(၇၈၈၄)ဦး၊စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၄၈၆၃)ဦးတို့ သက်ဆိုင်ရာကျောင်းများတွင်တက်ရောက်ပညာသင်ယူလျှက်ရှိကြောင်းသိရှိရသည်။


နိုင်ငံတော်အစိုးရမှ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာ အုပ်၊ ခဲတံ၊ ပေတံများနှင့်ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။  


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)