Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များအား တွေ့ဆုံ




MNP ၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အတွင်းရှိ ကန့်ဘလူခရိုင်၊ ရေဦးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တရားသူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၏ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က တရားစီရင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသည့် တရားရေးဝန်ထမ်းများ၊ ဥပဒေရေးရာဝန်ထမ်းများ၊ ဆက်စပ်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများပီပီ မိမိနိုင်ငံတော်၏ ကျေးဇူးသစ္စာအားစောင့်ထိန်းရင်း တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် စိတ်ရင်းစေတနာပြည့်ဝစွာဖြင့် ကြိုးစားဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တရားစီရင်ရေးအာဏာ အပ်နှင်းခြင်းခံထားရသည့် တရားရုံးအသီးသီးမှ တရားသူကြီးများအနေဖြင့် ပြည်သူများကြုံတွေ့နေရသည့် မှုခင်းဆိုင်ရာဖြစ်ပွားမှုများကို တရားစီရင်ရေးလမ်းကြောင်းပေါ်မှ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်၊ အဂတိတရားကင်းစွာဖြင့် ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုအား အပြည့်အဝရရှိမှာ ဖြစ်ပါကြောင်း၊ ဖြစ်ပွားခဲ့သည့်မှုခင်းများအားလည်း အမြန်ပြီးပြတ်အောင် မှန်မှန်ကန်ကန်ဖြင့် စစ်ဆေးဆုံးဖြတ်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကန့်ဘလူ၊ ရေဦး၊ ယင်းမာပင်ခရိုင်တို့မှ ခရိုင်တရားသူကြီးများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၏ တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား အသီးသီးရှင်းလင်း တင်ပြကြသည်။ 


ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ကတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၏ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက် နေသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဥပဒေအရာရှိများအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်က တိုင်းဒေသကြီးအတွင်း ဥပဒေရေးရာလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်း ရေးစသည့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များအား စောင့်ထိန်းလိုက်နာရသလို ဥပဒေအရာရှိကျင့်ဝတ် များနှင့်အညီလည်း ကျင့်ကြံနေထိုင်ကြရင်းဖြင့် နိုင်ငံတော်မှပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြသွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဥပဒေရေးရာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။      


#MyanmarNationalPost

No comments:

Post a Comment