ဇီးကုန်းမြို့နယ်၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်






MNP ၊ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် လူရည်ချွန်မောင်မယ် ရွေးချယ်ခြင်းခံရသော လူရည်ချွန်မောင်မယ်(၃)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားအား အ.ထ.က(မြို့မ)မှ ကျောင်းသားကျောင်းသူလေးများက ပညာပန်းခင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ရဲမှူးမြင့်ကျော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ကျောင်းသားကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်စကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ လူရည်ချွန်မောင်မယ်လေးများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ လူရည်ချွန်မောင်မယ်များမှ ၎င်းတို့၏ အတွေ့အကြုံများနှင့် ကျေးဇူးတင်ဝမ်းမြောက်စကားများအား ပြန်လည်ပြောကြားခဲ့ကြသည်။

အဆိုပါ လူရည်ချွန်မောင်မယ်(၃)ဦးသည် ဇီးကုန်းမြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့်လူရည်ချွန်မောင်မယ် ရွေးချယ်ခြင်းခံရသော အ.ထ.က(မြို့မ)ကျောင်း GRADE-9 မှ မောင်ဆက်ကောင်းစံ၊ မထက်ရည်မွန်နှင့် GRADE-9 မှ မောင်အောင်ပြည့်စုံတို့ဖြစ်ပြီး ပုဂံလူရည်ချွန်စခန်းနှင့် တောင်ကြီးလူရည်ချွန်စခန်းများသို့ သွားရောက်၍ ပညာရေးဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှောဆွေးနွေးခြင်းများ၊ ဒေသလုပ်ငန်းများ ဒေသထွက်ကုန်းများ နှင့် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လက်မှုပညာများနှင့် ဒေသန္တရဆိုင်ရာ ဗဟုသုတများကို လေ့လာဆည်းပူးခဲ့ကြသည်။

ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရဲမှူးမြင့်ကျော်၊  မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

တင့်ဆွေ

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)