ပါရီ ပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော် ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါရီ ပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော် ဒဏ်ရာရ



MNP ၊ ဇွန် ၂၂

ပါရီမြို့လယ်တွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် လူ ၃၇ ဦး ဒဏ်ရာရခဲ့ပြီး လေးဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ပြင်သစ်နိုင်ငံ မြို့တော်၏ ပဉ္စမမြောက် နယ်မြေဖြစ်သော Rue Saint-Jacques ရှိ ဒီဇိုင်းကျောင်းနှင့် ကက်သလစ်ပညာရေးစနစ် ဌာနချုပ်တို့ တည်ရှိသည့် အဆောက်အအုံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အရေးပေါ် လုပ်သားများသည် အဆောက်အအုံ၏ အပျက်အစီးများအတွင်း ရှာဖွေနေပြီး အနည်းဆုံး နှစ်ဦး ပျောက်ဆုံးနေသည်ဟု ယူဆရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုမဖြစ်ပွားမီတွင် ဓာတ်ငွေ့နံ့များ ပြင်းထန်စွာထွက်ရှိခဲ့ကြောင်း သိရသည်။

ပါရီအစိုးရရှေ့နေ Laure Beccuau သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီးနောက် ကနဦးစစ်ဆေးချက်များအရ ကင်မရာမှတ်တမ်းများအရ Val de Grâce ဘုရားကျောင်းဘေးရှိ အဆောက်အအုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။

အဆောက်အအုံကို မီးလောင်ကျွမ်းခဲ့သော်လည်း နောက်ပိုင်းတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပါရီရဲချုပ် Laurent Nunez က ပြောကြားခဲ့သည်။

ဧရိယာကို ပိတ်ဆို့ထားပြီး ပြည်ထဲရေးဝန်ကြီး Gérald Darmanin က အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပါတယ်။

အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ တွေ့ရှိနိုင်သည့်နေရာကို အနံ့ခံခွေးများဖြင့် ဖော်ထုတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)