Pages

Pages

ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တောင်သူများအား မျိုးစပါး ထောက်ပံ့ပေးအပ်






MNP ၊    ဇွန်   ၂၉

ရခိုင်​ပြည်နယ် ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော  တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ သင်္ဘောဆိပ်တွင်ပေးအပ်ကြသည်။

အခမ်းအနားတွင် ဗိုလ်မှူးချုပ် ဆန်နီအုန်း က  စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူများအနေဖြင့် မျိုးမှန်ရွေးချယ်၍ နည်းမှန် လမ်းမှန်ဖြင့် စိုက်ပျိုးထုတ်လုပ်ပါက အရည်အသွေးကောင်းသော ပစ္စည်းများကို ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

​ ပေါက်တောမြို့နယ်၌ မိုးစပါး စိုက်ပျိုးသူ တောင်သူ ၁၄၉ ဦးအား အထွက်ကောင်းမျိုး GW-11 မျိုးစပါးအိတ် ၁၀၀၀ ကို ဗိုလ်မှူးချုပ် ဆန်နီအုန်း၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးပေးအပ်ကြောင်း သိရသည်။


ဝင်းမင်းစိုး


 https://t.me/MyanmarNationalPost




No comments:

Post a Comment