မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




MNP ၊    ဇွန်   ၂၉

 မွန်ပြည်နယ်အတွင်းအခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်   ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုပါကြောင်း၊ မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ လုံလောက်စွာထုတ်လုပ်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရေချို၊ ရေငန် ငါးဖမ်းဆီးခြင်းလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသော ရေထွက်ကုန်ပစ္စည်းများကို ဒေသတွင်းစားသုံးခြင်း၊ ပိုလျှံထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို အအေးခန်းစက်ရုံများတွင် အေးခဲ၍ ရန်ကုန်မြို့မှ တစ်ဆင့်ပြည်ပသို့တင်ပို့ခြင်း၊ ရေထွက်ကုန်ပစ္စည်းများကို MSMEs လုပ်ငန်းများမှ ပြုပြင်ထုတ်ပိုးပြီး ပြည်တွင်းစားသုံး နိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ရာသီဥတုနှင့်ကိုက်ညီသော နေကြာသီးနှံအား ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်ထားရှိပြီး ပြည်နယ်အတွင်း ဆီဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ၊ နေ့စဉ်မီးဖိုချောင်သုံး ဟင်းသီ ဟင်းရွက်များ ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမြေများကို ပလပ်ထားမှုမရှိဘဲ အပြည့်အဝ အသုံးချ၍ သီးထပ်စိုက်ပျိုးခြင်းကို စွမ်းအားပြည့်စိုက်ပျိုးရန်နှင့် စိုက်ပျိုးမြေကို အကျိုးရှိရှိအသုံးချရေးတို့အား အထူးဦးစားပေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာလွှတ်ကျောင်း မွေးမြူသည့် စနစ်အစား ခြံလှောင် စနစ်ဖြင့် စနစ်တကျမွေးမြူရေး အသိပညာပေးဆောင်ရွက်ရန်နှင့် အစာ၊ ရေ နှင့် ဆေးဝါးများကို ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျ အောင်မြင်စွာ အသုံးပြု မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လယ်ယာထွက်ကုန်ပစ္စည်းများမှ စွန့်ပစ်ပစ္စည်းများဖြင့် ဒေသအလိုက် တိရစ္ဆာန်မွေးမြူရေး အစားအစာများထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲနိုင်အောင်ဆောင်ရွက်ပြီး ပြည်ပမှဓာတ်မြေဩဇာ တင်သွင်းသုံးစွဲနေရမှုကိုလျှော့ချရန်၊ စိုက်ပျိုး၊ မွေးမြူရေး ထွက်ကုန်များကို ဖြန့်ဖြူးရောင်းချရာတွင် ပွဲစား၊ အဝယ်ဒိုင်၊ ကုန်စည်ဒိုင်များက ဈေးကစားမှုမရှိစေရေး ဒေသအလိုက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် အရည်အသွေးမြင့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် စီမံကြံဆဆောင်ရွက်ပြီး မွန်ပြည်နယ်အတွင်း စားရေရိက္ခာလိုအပ်ချက်ကို ဖူလုံရုံ သာမက ပိုလျှံသည်အထိ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း ထွက်ရှိသော ဆန်၊ ငါး၊ ပုစွန်၊ ကြက်သား၊ ကြက်ဥများကို Supply and Demand မျှတအောင် သုံးစွဲရေး၊ ဈေးနှုန်းသင့်တင့်ရေး၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး၊ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)