ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်း ကျောင်းခွဲ ၂၈၃ ကျောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်း ကျောင်းခွဲ ၂၈၃ ကျောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် ပြောကြား





MNP ၊ ဇွန် ၂၁

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါ လုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် က ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်း ကျောင်းခွဲ ၂၈၃ ကျောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။


ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် က "ကျွန်တော်တို့ လုပ်ငန်းကော်မတီအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေဖြစ်တဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်၊ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းစဉ်နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတိုင်း ထိရောက်မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိပါတယ်။ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်အနေနဲ့ မုန်တိုင်းသတင်းအတည်ပြုပြီးနောက် Disaster Management Center (DMC) စတင်ဖွဲ့စည်း ဆောင်ရွက်တဲ့ မေ ၈ ရက်က စတင်ပြီး မိုခါမုန်တိုင်း ကြောင့် လမ်း၊ တံတား၊ အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ပေါ်လာပါက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဌာန အစီအမံနဲ့သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် စက်/ယာဉ် ယန္တရားတွေကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး မှာ စက်ယာဉ်ယန္တရားများ ၂၁၀၀ ကျော်ကို ကြိုတင် စုဖွဲ့ထားရှိခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှု တွေဖြစ်ပေါ်ပြီး တံတားပျက်စီးမှုတွေ ဖြစ်ပေါ် လာရင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုမရှိစေဖို့ ဘေလီတံတားတွေ အလျင်အမြန်တည်ဆောက်နိုင်ဖို့ ဘေလီအရှည် ၅၂၄၈ ပေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကြိုတင်စုစည်း ပြင်ဆင်ထားရှိခဲ့ပါတယ်။"ဟု ပြောသည်


ပြည်နယ်/တိုင်းဒေသကြီးအသီးသီးက ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေကိုလည်း အသင့်အနေအထားဖြစ်စေဖို့ သတိပေးတပ်လှန့် ဆောင်ရွက်ခဲ့ပြီး အဓိကအားဖြင့် မုန်တိုင်းဝင်ရောက်နိုင်ဖွယ်ရှိတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ဝန်ထမ်းတွေကို ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ ပိုမိုဆောင်ရွက်စေခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပဲ Disaster Management Center (DMC)ရုံးမှာလည်း ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် ရုံးအဖွဲ့တစ်ဖွဲ့ကို မေ ၈ ရက်ကစတင်ပြီး ယနေ့အထိ တွဲဖက်ထားရှိပြီး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီး မေ ၁၄ ရက်က စတင်ကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ရခိုင် ပြည်နယ်အတွင်း လမ်း၊ တံတားနဲ့အခြားအခြေခံ အဆောက်အဦပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် ပြင်ဆင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် စစ်တွေ - ပလ္လင်ပြင်လမ်းပေါ်ရှိ သဲချောင်း တံတားပျက်စီးခဲ့တဲ့အတွက် ပေ ၁၄၀ အရှည် ဘေလီတံတားတည်ဆောက်ခြင်းနဲ့ ပေ ၄၀ အရှည် တံတားကို ပေ ၆၀ အရှည် ဘေလီတံတား တည်ဆောက်ခြင်းတို့ကို အလျင်အမြန်တည်ဆောက် ခဲ့တဲ့အတွက် မုန်တိုင်းတိုက်ခတ်ပြီး တစ်ပတ်အကြာမှာ တံတားနှစ်စင်းလုံးပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် က စစ်တွေမြို့တွင်းမှာ သစ်ပင်ကြီးတွေလဲကျတာ၊ ဓာတ်တိုင်တွေကျိုးတာ စတဲ့အပျက်အစီး တွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းကို မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်းများပူးပေါင်းပြီး ဌာနပိုင်စက်ယန္တရား အစီး ၂၀ ခန့်နဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တဲ့အတွက် တစ်ပတ်အတွင်း မြို့တွင်းဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းတွေပြီးစီးလို့ မူလအတိုင်း မြို့တွင်းမြို့ပြင် ချောမွေ့စွာ သွားလာနိုင် ပြီဖြစ်ကြောင်း၊ ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပညာရေးဝန်ကြီးဌာနပိုင် အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေကို ကွင်းဆင်းကြပ်မတ်ပြီး ပြင်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း သုံးခုနဲ့ ညှိနှိုင်းပြီး အမြန်ဆုံးပြင်ဆင် နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။


ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေနဲ့ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ပညာရေးနဲ့ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို ဦးစားပေးပြန်လည်တည်ဆောက်နိုင်ဖို့ စီစဉ်ထားရှိပါကြောင်း၊ ကျောင်းဖွင့်ချိန်အမီ အခြေခံပညာကျောင်းတွေ အမြန်ဆုံးပြင်ဆင်ဖွင့်လှစ်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA)တို့မှ ဆောက်လုပ်ရေးကုမ္ပဏီအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာနမှာ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့တွေ၊ မြို့မိ မြို့ဖတွေကို ခွဲဝေတာဝန်ပေးအပ် ဆောင်ရွက်စေခဲ့ကြောင်း၊  ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်း ကျောင်းခွဲ ၂၈၃ ကျောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အမိုးသွပ်နဲ့ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီခွင့်ပြုချက်နဲ့ ရခိုင်ပြည်နယ်ကလိုအပ်တဲ့ဒေသတွေကို ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပျက်စီးမှုများပြားတဲ့အချို့စာသင်ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေစာသင်မပျက်စေဖို့ ယာယီကျောင်းဆောင်တွေ တည်ဆောက်ပေးခြင်းနဲ့ နှစ်ချိန်ကျောင်းတွေအဖြစ် စာသင်ချိန်ခွဲခြားသင်ကြားခြင်းတွေ ညှိနှိုင်းစီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာနက ပြုပြင်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေအနက် စစ်တွေမြို့ပြည်နယ် ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနများမှ အဆောက်အအုံ ၉၀ ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းတွေကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ငါးဖွဲ့ကဆောင်ရွက်တာမှာ ဇွန် ၉ ရက်အထိ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး ကျန်ရှိတဲ့ရခိုင်ပြည်နယ်မြို့နယ် ၁၆ မြို့နယ်အတွင်းက ဆေးရုံနဲ့ဆေးပေးခန်းစုစုပေါင်း ၄၁၇ လုံးကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း ချုပ်(MLCA)၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းချုပ် (MCEF)၊ မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA)တို့က တာဝန်ခွဲဝေဆောင်ရွက်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန အင်ဂျင်နီယာတွေက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိတာမှာ ဇွန် ၉ ရက် အထိ ၄၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဆောက်အအုံတွေဖြစ်တဲ့ စစ်တွေမြို့ ဗုဒ္ဓ ပြတိုက်နဲ့ ယဉ်ကျေးမှုပြတိုက်အပါအဝင် အဆောက်အအုံခုနစ်လုံး ပြင်ဆင်ခြင်းလုပ်ငန်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့တွေက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)