အမ်းမြို့၌ အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲ ကျင်းပ






MNP ၊    ဇွန်   ၂၁

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ ၌ ၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျ ရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အသိပ ညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းအား ယနေ့ ​​ညနေ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှုထမ်း(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျင်းပပြု လုပ်ခဲ့သည်။


       ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်းသူ လူငယ်များ အားမူးယစ်ဆေးဝါးနှင့်ပတ် သက်သည့်သိရှိလိုက်နာသင့်သည့် အ ကြောင်းအရာအချက်အလက်များ၊ မူး ယစ်ဆေးဝါးသုံးစွဲခြင်း ဖြင့်ဖြစ်ပေါ်လာမည့်  နောက်ဆက် တွဲရလဒ်ဆိုးကျိုးများအကြောင်း၊အမျိုး သားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊မူးယစ်ဆေးသုံး စွဲခြင်းကြောင့် ဖြစ်ပေါ် လာမည့် ရောဂါလက္ခဏာများ၊မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုးကျိုးများသုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအ ကြောင်းများကို ဟောပြောခဲ့သည်။ 


ဆက်လက်၍အမှုထမ်း(၂)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ  ဆရာမကြီးက ကျောင်းသားလူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူး ယစ်ဆေး ဝါးများ၏အန္တရာယ်ကိုရှောင် ရှားတတ်ကြစေရန် လိုအပ်ပါကြောင်း၊ အ ပေါင်းအသင်းကြောင့် ဖြစ်စေ မိမိတို့စိတ်ကပါ၍ဖြစ်စေအစပြု၍ လုံးဝမသုံး စွဲကြစေရန်၊မူးယစ်ဆေးဝါးများကို မိမိတို့ ကျောင်းပတ်ဝန်းကျင်တွင်ကင်းရှင်းစေရေးတို့ကို ဟောပြောခဲ့သည်။


 ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်း သားကျောင်းသူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ  ဦးစီးအရာရှိကသိရှိလိုသည်များ အား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


    အဆိုပါဟောပြောပွဲသို့တက်ေရာက် လာသူများအားပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တ ရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်း စကားလက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေး ဝါးနှင့်ပတ်သက်သည့်အသိ ပညာပေးနံရံကပ်စာစောင်ဓာတ် ပုံများအား ကျောင်းသားကျောင်းသူများ က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ၍သိရှိလိုသည်များအားမြို့နယ်ဦးစီးမှူးကရှင်းလင်းခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)