ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ပွဲပြုလုပ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ပွဲပြုလုပ်မည်




MNP ၊    ဇွန်   ၂၀

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။


ပြိုင်ပွဲအတန်းကို  (၂၁)နှစ်အောက် ကာယဗလပြိုင်ပွဲ၊ (၆၀)ကီလိုတန်း ကာယဗလပြိုင်ပွဲ၊ (၆၅) ကီလိုတန်း ကာယဗလပြိုင်ပွဲ၊ (၇၀)ကီလိုတန်းကာယဗလပြိုင်ပွဲ (၇၅)ကီလိုတန်းကာယဗလပြိုင်ပွဲ၊ (၇၅)ကီလိုတန်းနှင့်အထက် ကာယဗလပြိုင်ပွဲ၊ အမျိုးသား (Athletic Physique) ပြိုင်ပွဲ၊ အမျိုးသား (Sports Physique) ပြိုင်ပွဲ၊ အမျိုးသား (Fitness Physique) ပြိုင်ပွဲ၊ အမျိုးသမီး (Athletic Physique) ပြိုင်ပွဲ၊ အမျိုးသမီး (Fitness Physique) ပြိုင်ပွဲဟူ၍  ဝိတ်တန်းကိုးတန်းအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် လားရှိုးမြို့နယ် ကိုယ်စားပြုလူရွေးချယ်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ တွင် လားရှိုးမြို့လူထုအခြေပြုဗဟိုဌာ (Community Centre) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ ကိုတိုးလူငယ်ကလပ်၊ အောင်မြန်မာကာယဗလ၊ ရှမ်းပြည် အလင်းဆိုင်တို့တွင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)