Pages

Pages

ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းများတွင် နည်းပညာအကူအညီများ ပေးအပ်ရေး ဆွေးနွေး


MNP ၊ ဇွန် ၂၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရုံးအမှတ်-၁၉ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဓာတ်သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းများနှင့် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများတွင် နည်းပညာအကူအညီများ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအမှူးများ၊ ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment