ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ၌ ကမ္ဘာ့ဖခင်များ‌နေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ၌ ကမ္ဘာ့ဖခင်များ‌နေ့ အခမ်းအနား ကျင်းပ




MNP ၊    ဇွန်   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကရင်ခရစ်ယာန်အသင်းတော်များ၌ ကမ္ဘာ့ဖခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ဆိုင်ဘုရားရှစ်ခိုး ကျောင်းများတွင် အသင်းတော်မှာရှိသည့် ဖခင်များအား ယမန်နေ့က ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်းနှင့် ဆုတောင်းခြင်းဖြင့်စတင်ပြီး အသင်းတော်မှာရှိသည့် လူငယ်များတို့မှ အခမ်းအနား အစီအစဉ်များကို ဦးဆောင်၍   ဖခင်များနှင့်ပတ်သက်သော ကျမ်းစာများ၊ ဖခင်များ၏ မိသားစုများအပေါ် ချစ်ခြင်းမေတ္တာထားရှိမှု၊   ဖခင်များတို့၏ သားသမီးများအပေါ်ထားရှိသည့် လိုလားချက်များ၊ ဖခင်များတို့၏ စံတန်ဖိုးများနှင့် ဖခင်များနေ့ဖြစ်ပေါ်လာပုံ အကြောင်းများကို သားသမီးများ အောက်မေ့ သိရှိစေရန်အတွက်ပြောကြားပြီး အသင်းတော်မှ လူငယ်လူရွယ်များတို့က ဖခင်များ‌ကို အမှတ်တရပစ္စည်းများ‌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းအသင်းတော်များ၌ သားသမီးများနှင့်မိဘများအကြား ဆက်ဆံ‌‌ရေး၊ ချစ်ခြင်း‌မေတ္တာ၊ ဂရုဏာများခိုင်မြဲ၊ အောက်မေ့၊ တမ်းတ၊ သတိရစေရန်ရည်ရွယ်၍ ကမ္ဘာ့ဖခင်များ‌နေ့ဖြစ်သည့်  ဇွန်လတတိယအပတ်တွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)