တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ တစ်သောင်းတစ်ထောင်ကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ တစ်သောင်းတစ်ထောင်ကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ





MNP ၊ မေ  ၁

" ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်း ကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက " ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန် " ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ တစ်ပြိုင်နက်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ ကျောင်းသူ တစ်သောင်းတစ်ထောင်ကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေး ဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျောင်းတွေ မှာ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်တာတို့၊ အဘိတ်ဆေးခတ်တာတို့၊ ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စသည်ဖြင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးတို့အတွက်ကို ဆောင်ရွက်တာတွေရှိပါတယ်” ဟု တာမွေမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ မူလတန်းကျောင်း (၂၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းရှိပြီး ယနေ့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် မူလတန်းကျောင်းသား/သူ (၇၅၉၅)ဦး၊ အလယ်တန်းကျောင်းသား/သူ (၂၅၇၅)ဦး၊ အထက်တန်း ကျောင်းသား/သူ (၁၃၉၆)ဦး စုစုပေါင်း မြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၁၅၆၆)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)