တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

102

103

104

105


MNP ၊    ဇွန်   ၆

ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို  မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်အေးမိုးမိုးမြင့်က ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍  ကမ္ဘာပေါ်ရှိလူသားများအပါအဝင် သက်ရှိသတ္တဝါအားလုံး ကျန်းမာပျော်ရွှင်စွာရှင်သန်နိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သော ကမ္ဘာမြေကြီးဖြစ်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ စိမ်းဆိုသာယာလှပသောကမ္ဘာမြေတွင် တိုးပွားလာသောလူဦးရေအတွက် စားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းမှုကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်ဆုတ်ယုတ်မှုများ၊  ပလပ်စတစ်အသုံးပြုခြင်း၏ ဆိုးကျိုးများ၊ သန့်ရှင်း၊ ကျော့မော့၊ အမှိုက်လျှော့ရန် 3R သုံးပြီး အမှိုက်လျှော့ချစို့၊ ပတ်ဝန်းကျင်ရေးရာကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာများအကြောင်းဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်‌ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး Grade(6)ကျောင်းသား၊ ကျောင်းသူ(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages