မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းအခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်၁၁နာရီက အဆိုပါဘဏ်ခွဲ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


    အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှတောင်သူများအားစိုက်ပျိုးရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် ချေးငွေများကို နှစ်စဥ်ထုတ်ချေးပေးလျက်ရှိကြောင်း၊တောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံစိုက်ပျိုးစရိတ်အတွက် အကျိုးရှိစွာ သုံးစွဲကြရန်လိုကြောင်း ပြောကြားပြီး မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးအေးသိန်းက မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


  ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာ တာဝန်ရှိသူများကတောင်သူတစ်ဦးချင်းစီ အလိုက် ချေးငွေများ ထုတ်ပေးရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။


    ထိုသို့ ထုတ်ချေးရာတွင် နှစ်စဥ်ချေးငွေများ အားလုံးပြေကျေသည့် တောင်သူများကိုသာ ထုတ်ချေးခြင်းဖြစ်ပြီး(၂၀၂၃ )ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးငွေကို မာန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၆)အုပ်စုရှိတောင်သူများအား (၃၈၂၃၈•၀၀)သိန်း ထုတ်ချေးပေးရန် လျာတား ထားပြီး ယခုအခါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) မှ ကနဦးခွင့်ပြုငွေကျပ် (၁၀၅၀၀ )သိန်းရရှိထားပြီးဖြစ်ရာ ရန်အောင်မြင်ရပ်ကွက်ရှိ တောင်သူ၁၂ဦး၊လယ်ဧက(၄၁)ဧကအတွက် တစ်ဧက(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၆၁•၅၀)သိန်းကိုလည်းကောင်း၊စွန်ပန်းချောင်းကျေးရွာအုပ်စုမှတောင်သူ၇၀ဦး၊လယ်ဧက(၃၀၅)ဧက အတွက် ငွေကျပ်(၄၅၇•၅၀)သိန်းကိုလည်းကောင်း၊ ချေးငွစုစုပေါင်း(၅၁၉•၀၀)သိန်းထုတ်ချေးပေးခဲ့ကြသည်။


    အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊တောင်သူများစုစုပေါင်း (၉၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)