MNP ၊ ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်/ကျောင်းဆင်းချိန်များ၌ ကျောင်း သူ၊ ကျောင်းသားများ ယဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက်တပ်နယ်မှတာဝန်ရှိသူများနှင့်ရဲတပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ရက်တိုင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယာဉ်မောင်းနှင်သူများအနေဖြင့် ကျောင်းတက်/ကျောင်းဆင်းချိန်များ၌အထူးဂရုစိုက် မောင်းနှင်ကြစေလိုကြောင်းနှင့် ကျောင်းသားဦးရေများပြီး မိန်းလမ်းမကြီးပေါ်တွင်ရှိသည့် အ.ထ.ကကျောင်းတွင် နံနက်ကျောင်းတက်ချိန်နှင့်ညနေကျောင်းဆင်းချိန်တို့၌ တပ်နယ်မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူ/ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းတွင်းလုံခြုံစေရေးတို့ကို စနစ်တကျ အလေးထားဆောင်ရွက်ပေးနေကြောင်းကို ပလောက်နယ်မြေရဲစခန်း ဒုရဲအုပ် ပြည့်ဖြိုးဇော်ထံမှ သိရသည်။
နှင်းမြူလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment